အထူးသဖြင့်လွန်ခဲ့သောငါးနှစ်တာကာလအတွင်းမြန်မာနိုင်ငံသည်အခြားမည်သည့်နိုင်ငံများထက်မဆိုဒီဂျစ်တယ်စနစ်ကိုပိုမိုမြန်ဆန်စွာဖြတ်သန်းနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်ကတည်းက တိုင်းပြည် နှင့်အိုင်စီတီကဏ္ဍသည် ဖွင့်လှစ် ခဲ့သည်နှင့်အညီ တိုင်းပြည်တွင် မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းသည် ၅ မှ ၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၉ ခုနှစ် အစောပိုင်းလူများထက် မိုဘိုင်းဖုန်းအသုံးပြုသူများ ပိုမိုများပြားလာသည်။ အရွယ်ရောက်ပြီးသူ ၈၀-၉၀ ရာခိုင်နှုန်းကျော်တွင်စမတ်ဖုန်းရှိသည်ဟုခန့်မှန်းရသည်။

သို့သော်လည်း ကဏ္ဍပေါင်းစုံတွင် ICT၏လျင်မြန်စွာ ဖြန့်ဖြူးမှုကြောင့် ဤကဲ့သို့ အသစ်သော ဒစ်ဂျစ်တယ် နည်းပညာများကို မည်ကဲ့သို့ အရည်အချင်းနှင့် ကျွမ်းကျင်မှုရှိရှိ အသုံးပြုရမည်ကို သင့်တော်လျောက်ပတ်စွာ သင်ယူရန်လိုအပ်ပါသည်။ အထူးသဖြင့် ပညာရေးတွင် ICTသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်သကဲ့သို့ အချို့သောအန္တရယ်များလည်း ရှိနိုင်သည်။

TVET ကဏ္ဍတွင် အိုင်စီတီကျွမ်းကျင်မှုကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်၊ TVET ဆရာများအတွက် သင်တန်းများစွာသည် အသင့်လျော်ဆုံး တိုင်းတာချက် ဖြစ်မည်ဟု ထင်ပါသည်။ ဆရာများအနေဖြင့် ICT ကိုကိုယ်တိုင် အသုံးပြုနိုင်ရန် သာမက ကျောင်းသားများကို ဒစ်ဂျစ်တယ်မီဒီယာ မည်သို့အသုံးပြုရမည်ကို သင်ကြားပေးရန်လည်း လိုအပ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဖြန့်ဝေနိုင်သည့် လေ့ကျင့်ရေးသင်ခန်းစာကို တီထွင်ခဲ့ပြီး ကျွမ်းကျင်မှုကို သက်ဆိုင်ရာနယ်ပယ်သုံးခုဖြင့် အဓိကထားခြင်းဖြစ်သည်။

 

Figure: DML3-Model © Grosch, iCTE, 2018

ဤမော်ဒယ်ပုံစံအရ TVET ဆရာများသည်

  • ဒစ်ဂျစ်တယ်သတင်းအချက်အလက်များကိုရှာဖွေစစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ ရွေးချယ်ခြင်း၊ လုပ်ဆောင်ခြင်း၊ ပြင်ဆင်ခြင်းနှင့်ထုတ်လွှင့်ခြင်းများကို ပြုလုပ်နိုင်ခြင်း (ဒီဂျစ်တယ်သတင်းအချက်အလက်ကျွမ်းကျင်မှု)
  • သင်ကြားရေးနှင့်သက်ဆိုင်သော ဒီဂျစ်တယ်နည်းပညာများ၊ မီဒီယာ ၀န်ဆောင်မှုများ၊ အယူအဆများနှင့် သီအိုရီများ နှင့် ၄င်းတို့၏အလားအလာ၊ အသုံး၀င်မှုနှင့် အန္တရာယ်များကို ခြုံငုံသုံးသပ်မှုရှိလာနိုင်ပြီး ၎င်းတို့ကို သင်ကြားရေးနှင့် သင်ယူရေးဆိုင်ရာ လှုပ်ရှားမှုများတွင် စီစဉ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဆက်စပ်ပေးခြင်းနှင့် အကဲဖြတ်ခြင်းများ အသုံးပြုနိုင်လာမည်ဖြစ်သည်။ (ဒီဂျစ်တယ် မီဒီယာ ကျွမ်းကျင်မှု)
  • ဒီဂျစ်တယ် အသိပညာအဖွဲ့အစည်းအတွက် ကျောင်းသားများကို ပြင်ဆင်ပေးနိုင်ရန် သင့်လျော်သော သင်ကြားမှု အတွေ့အကြုံများကို ဖန်တီးပေးခြင်းအားဖြင့် ကျောင်းသားများ၏ ဒီဂျစ်တယ်မီဒီယာ ကျွမ်းကျင်မှု အသိပညာပေးဝေခြင်း ဖြစ်သည်။ (ဒီဂျစ်တယ် သင်ကြားနည်းပညာ ကျွမ်းကျင်မှု)
  • Myanmar TVET တွင် မီဒီယာကျွမ်းကျင်မှုကိုအဆင်ပြေချောမွေ့စေရန် GIZ နှင့် Goethe-Institut တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တီထွင်ခဲ့သော ဤအွန်လိုင်းမာလ်တီမီဒီယာ ပလက်ဖောင်းသည် ဗဟုသုတအရင်းအမြစ်များကို ဦးစီးစီစဉ် ဆောင်ရွက်သည်။ 2019/20 တွင် ထပ်မံ တိုးမြှင့်လိုက်သည့်အလုပ်ရုံဆွေးနွေးပွဲ၃ခု အတောအတွင်းတွင် iCTE အကြံပေး အေဂျင်စီနှင့်အတူ အစိုးရတက္ကသိုလ်များအောက်တွင်ရှိသော နည်းပညာဌာန နှင့် သက်မွေးပညာရေးနှင့်သင်တန်းကျောင်း (Vocational Education and Training – DTVET) မှ TVET သင်ကြားပေးသူ အယောက် ၂၀ တို့ ပူးပေါင်းပါဝင်ဆောင်ရွက်သည်။

သင်ခန်းစာများ၏ သင်ကြားရေးခေါင်းစဉ်များသည် အသုံးဝင်ပြီး လက်တွေ့ကျသည့် မီဒီယာကျွမ်းကျင် ဖွံ့ဖြိုး တိုးတက်မှု နှင့် မြန်မာ TVET သင်ကြားပေးသူများအတွက် ဆက်စပ် သဘောတရားများကို အလေးအနက်ထား အာရုံစိုက်သည်။ ဆိုရှယ်မီဒီယာစာမျက်နှာများဖြစ်သည့် Facebook (ဥပမာ လူမှုအသိုင်းအဝိုင်း ဖန်တီးရန်) နှင့် YouTube (ဥပမာစာသင်ခန်းအတွင်းဗီဒီယိုများဖန်တီးရန်နှင့်အသုံးပြုရန်)များကို ထပ်မံ၍ အလေးထားမှု များရှိသည်။ ထို့အပြင် ဆရာများနှင့်သင်တန်းပို့ချသူများသည် အတန်းတွင် မီဒီယာကို မည်သို့အသုံးပြုရမည်ကို သာမက TVET နှင့်သက်ဆိုင်သည့် ဗဟုသုတကိုမည်ကဲ့သို့ မြှင့်တင်ရန် ရမည်ကို ပါ သင်ယူသင့်သည်။ TVETမှပေးနိုင်သည့် မတူညီသော အသက်မွေး ၀မ်းကျောင်းမှုများ၊ စက်မှုလုပ်ငန်းများ နှင့် သက်မွေး ဝမ်းကျောင်း ပညာရေး နှင့် အသက်မွေး ဝမ်းကျောင်းမှု အမြင်များကို အများပြည်သူ (ဥပမာ – မိဘများ) ကိုပါ ဗဟုသုတ အသိပညာ ပေးရမည် ဖြစ်သည်။

သင်တန်းပြီးဆုံးပြီးနောက် TVETပညာသင်ကြားသူများသည် ၄င်းတို့၏ အဖွဲ့အစည်းများတွင်ဒစ်ဂျစ်တယ်မီဒီယာ ကျွမ်းကျင်သူများနှင့်ဝေငှနိုင်သူများ အဖြစ်ရည်ရွယ်သင်ကြားပေးသည်။ ၎င်းတို့ကိုယ်တိုင်လည်း မီဒီယာ သင်တန်းများကို ပုံမှန်ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။ အလုပ်ရုံဆွေးနွေးပွဲများအတွင်း မီဒီယာထုတ်လုပ်မှုအတွက် အသုံးပြုသော အကြောင်းအရာများသည် မြန်မာနိုင်ငံရှိ ဒေသအားလုံး၏ စက်မှုဆိုင်ရာ လိုအပ်ချက် နှင့် စီးပွားရေး နှင့် ပတ်သက်ဆက်နွယ်သင့်သည်။

အလုပ်ရုံဆွေးနွေးပွဲစီးရီး၏ ရလဒ်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးမီဒီယာပလက်ဖောင်း တည်ထောင်ရန် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် Myanmar E-Channel မီဒီယာအရင်းအမြစ် ဝက်ဘ်ဆိုက်ပေါ်ရှိ အွန်လိုင်း သင်တန်းများကို တီထွင်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းကိုချဲ့ထွင်လာနိုင်ပြီး သင်ခန်းစာများ ပိုမို ထည့်သွင်း လာနိုင်သည်။ အနာဂတ် အလုပ်ရုံဆွေးနွေးပွဲများအတွင်း ထုတ်ဝေမည့် မီဒီယာအကြောင်းအရာကို မီဒီယာပလက်ဖောင်းအတွက် အသုံးပြုသင့်သည်။ သင်ထောက်ကူပစ္စည်းကို စိတ်ဝင်စားသူ မည်သူမဆို အသုံးပြုနိုင်သည်။ ၎င်းကို TVET အဖွဲ့အစည်းများအတွက် တီထွင်ခဲ့ သော်လည်း အထွေထွေပညာရေး အတွက်လည်း သင့်တော်ပေသည်။

၁။ လုပ်ငန်းခွင်ဆွေးနွေးပွဲ၏ အယူအဆ

ဤသင်တန်းကို မြန်မာနိုင်ငံမှ TVET ဆရာ၊ဆရာမများအတွက် ဖန်တီးပြင်ဆင်ထားခြင်းဖြစ်ပါသည်။ သို့သော် အထွေထွေ ပညာရေးကျောင်းများနှင့် တက္ကသိုလ်များတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤသင်တန်းသည် မီဒီယာစွမ်းရည်ကို လွယ်ကူရှင်းလင်းစွာအသုံးပြုနိုင်ခြင်းစွမ်းရည်ကို အဓိကထားသင်ကြားပေးမည်ဖြစ်သည်။ ယခုသင်တန်းအကြောင်းအရာများကို အလုပ်ရုံဆွေးနွေးပွဲတစ်ခု၊ အွန်လိုင်းသင်တန်း (သို့) ကိုယ်ပိုင်လေ့လာရန် အသုံးပြုနိုင်ပါသည်။

ဤသင်တန်းသည် လူမှုရေးမီဒီယာပလက်ဖောင်းများဖြစ်သော Facebook (လူမှုအသိုင်းအ၀န်းတစ်ခုကိုဖန်တီးရန်) နှင့် ဥပမာအားဖြင့် YouTube (စာသင်ခန်းအတွင်းအသုံးပြုရန် ဗီဒီယိုများ) ကို အထူးအလေးထားသည်။ ဆရာ၊ဆရာမများနှင့် သင်တန်းပို့ချသူများအနေနှင့်လည်း သူတို့၏ အတန်းတွင် မီဒီယာကို မည်သို့အသုံးပြုရမည်၊ မတူညီသော ဆိုင်ရာကျွမ်းကျင် ဘာသာရပ်များ၊ စက်မှုလုပ်ငန်းများ နှင့် သက်မွေးလုပ်ငန်းများကို TVET အနေဖြင့် ပေးနိုင်သည်ကို အများပြည်သူ (ဥပမာ-မိဘများ) အား အသိပေးရာတွင်လည်း အသုံးပြုနိုင်သည်။ ပရောဂျက်ကာလအတွင်းတွင်လည်း တီဗီအစီစဥ်များ ထုတ်လုပ်သည့်အဖွဲ့များနှင့်အတူဇာတ်လမ်းအစီအစဥ်များ ထုတ်လုပ်မည်လည်းဖြစ်သည်။ သင်တန်းပြီးဆုံးသွားသောအခါ ဆရာများသည် ဒီဂျစ်တယ်မီဒီယာအသုံးပြုခြင်း ကျွမ်းကျင်သူများဖြစ်လာနိုင်ပြီး သူတို့၏အဖွဲ့အစည်းများ ကျောင်းများတွင် ပြန်လည်‌ဝေ‌မျှပို့ချ လက်ဆင့်ကမ်းပေးသူများ ဖြစ်လာနိုင်သည်။ အလုပ်ရုံဆွေးနွေးပွဲများအတွင်းအသုံးပြုသော အကြောင်းအရာများ နှင့် မီဒီယာထုတ်လုပ်မှုများသည် မြန်မာနိုင်ငံရှိဒေသအားလုံး၏ စက်မှုလိုအပ်ချက်နှင့် စီးပွားရေးဆက်စပ်မှုများအတွက် အထောက်အကူပြုမည်ဖြစ်ပါသည်။

ခြုံငုံသုံးသပ်ချက်

မော်ဂျူး (၁) - မိတ်ဆက်ခြင်း

မော်ဂျူး (၂) - ပူးပေါင်းဆောင်ရွက်ခြင်း

မော်ဂျူး (၃) - သုတေသနပြုလုပ်ခြင်း

မော်ဂျူး (၄) - တင်ပြခြင်း

သင်တန်းစာအစီအစဥ််အပြည့်အစုံ